ဂျပန်ဘာသာသင်တန်းအကျဉ်းချုပ်
ဤကျောင်းသည် ဂျပန်ဘာသာစကားကို (နားထောင်ခြင်း၊ ပြောဆိုခြင်း၊ ဖတ်ရှုခြင်း၊ ရေးသားခြင်း) များမှ အထွေထွေသင်ယူခြင်းနှင့်အတူ၊ ကုမ္ဗဏီများအားလေ့လာခြင်း စသည့် ပြင်ပဗဟုသုတသင်ကြားခြင်းနှင့် အတွေ့အကြုံဖလှယ်ခြင်း၊ ဒေသဆိုင်ရာပွဲတော်များတွင် တက်ကျွစွာ ပါဝင်ခြင်းဖြင့် ဂျပန်နိုင်ငံယဉ်ကျေးမှုမှအစ ကျယ်ကျယ်ပြန့်ပြန့် ဂျပန်နိုင်ငံကိုသိရှိနားလည်လာစေရန် ရည်ရွယ်ထားပါသည်။
ဂပျန်နိုင်ငံတွင်ရှိစဉ်၊ တက္ကသိုလ်၊ တက္ကသိုလ်သုတေသနဌာနနှင့် သက်မွေးပညာသင်ကျောင်းများအား တက်ရောက်ရန် သို့မဟုတ် အလုပ် လုပ်ကိုင်ရန်အတွက် လိုအပ်သည့် ဂျပန်စကားကို ပညာအရည်အချင်းအလိုက် လူအနည်းငယ်သာလက်ခံသည့် သင်တန်းအားပြုလုပ်ကာ တိုက်ရိုက်သင်ကြားသည့်နည်းဖြင့် သင်ယူရမည်ဖြစ်ပါသည်။
ထို့အပြင်၊ ဂျပန်စကားအရည်အချင်းစာမေးပွဲ၊ ဂျပန်တွင်တက္ကသိုလ်ဝင်ခွင့်စားမေးပွဲ၊ အထူးအစီအစဉ်များဖြင့် အဆင်သင့်ဖြစ်ရန် လမ်းညွှန် ပါမည်။ ဂျပန်ဘာသာအရည်အချင်းအား အဆင့်အလိုက် သင်ကြားရန်အတွက်၊ ၁နှစ်လျှင် ၄ကြိမ်ရှိကာ၊ အခြေခံသင်တန်းတွင် ဂျပန်ဘာသာ ကျွမ်းကျင်မှု N3-N2 အဆင့်အရည်အချင်းအား၊ ထို့နောက် တက္ကသိုလ်ဝင်တန်း၏ ၁နှစ်၆လသင်တန်းတွင် N1-N2 အဆင့်အရည်အချင်းအား သင်ကြားရန် ရည်ရွယ်ပါသည်။
သင်တန်းဆိုင်ရာအကျဉ်းချုပ်
ခေါ်ယူမည့်သင်တန်း လူဦးရေ ကျောင်းဝင် သင်ကြားမည့်ကာလ သင်ကြားမည့်အချိန်
အခြေခံ ၁နှစ်သင်တန်း(ပထမအဆင့်) ၂၀ ဦး ဧပြီလ ၁ နှစ် နေ့စဉ် (တနင်္လာ - သောင်္ကြာ) ၂၄နာရီ/ တပတ် အခြေခံ ၁နှစ်သင်တန်း
(အလည်တန်းအဆင့်) ၂၀ ဦး ဧပြီလ ၁ နှစ်
နေ့စဉ် (တနင်္လာ - သောင်္ကြာ) ၂၄နာရီ/ တပတ်
တက္ကသိုလ်ဝင်တန်း ၁ နှစ် ၆လသင်တန်း ၂၀ ဦး အောက်တိုဘာလ ၁ နှစ် ၆လ နေ့စဉ် (တနင်္လာ - သောင်္ကြာ) ၂၄နာရီ/ တပတ်
လျှောက်ထားနိုင်မည့်အရည်အချင်း
ပညာသင်နှစ် ၁၂တန်းအထက် ပညာရည်အချင်းရှိသူဖြစ်ရမည်။
ပေးသွင်းရမည့်ငွေ
ခေါ်ယူမည့်သင်တန်း ကျောင်းဝင်ကြေး ကျောင်းလခ အဆောက်အဦး
အသုံးပြုစရိတ် စုစုပေါင်း အခြေခံ ၁နှစ်သင်တန်း(ပထမအဆင့်) ယန်းငွေ ၆၀၀၀၀ ယန်းငွေ ၅၀၀၀၀၀ ယန်းငွေ ၆၀၀၀၀ ယန်းငွေ ၆၂၀၀၀၀ အခြေခံ ၁နှစ်သင်တန်း
(အလည်တန်းအဆင့်) ယန်းငွေ ၆၀၀၀၀ ယန်းငွေ ၅၀၀၀၀၀ ယန်းငွေ ၆၀၀၀၀ ယန်းငွေ ၆၂၀၀၀၀ တက္ကသိုလ်ဝင်တန်း ၁ နှစ် ၆လသင်တန်း ယန်းငွေ ၆၀၀၀၀ ယန်းငွေ ၇၅၀၀၀၀ ယန်းငွေ ၉၀၀၀၀ ယန်းငွေ ၉၀၀၀၀၀
※ အထက်ပါအရာများအပြင်၊ လျှောက်လွှာအတွက်ဝန်ဆောင်ခ ယန်းငွေ၂၀၀၀၀နှင့်၊ စာအုပ်စာတန်းကြေး ယန်ငွေ၂၀၀၀၀/ ၁နှစ်၊ ကျန်းမာ
ရေးစစ်ဆေးခ ယန်းငွေ ၅၀၀၀ လိုအပ်ပါသည်။ အခြေခံ ၁နှစ်ဘာသာရပ်ပြီးဆုံးပြီးနောက်၊ တက္ကသိုလ်ဝင်တန်း ၁နှစ်သင်တန်း ကိုဆက် တက်ပါက ကျောင်းဝင်ကြေးနှင့် လျှောက်လွှာဝင်ဆောင်ခအား ကင်းလွတ်ခွင့်ပေးမည်။
ပေးသွင်းရမည့်နည်းလမ်း
ဝင်ခွင့်အောင်မြင်သည့်အကြောင်းကြားစာရရှိသည့်အခါ၊ ငွေအားလုံးကို ပေးသွင်းရပါမည်။ (ခွဲပြီးပေးသွင်းလို့လည်းရသည့်
အတွက် ဆွေးနွေးတိုင်ပင်ပါ။)
ခွဲပြီးပေးသွင်းမည်ဆိုပါက ၁နှစ်သင်တန်း
အချိန် ဒီဇင်ဘာလ စက်တင်ဘာလကုန် ဒီဇင်ဘာလကုန် စုစုပေါင်း
ငွေကြေး ယန်းငွေ ၃၇၀၀၀၀ ယန်းငွေ ၁၅၀၀၀၀ ယန်းငွေ ၁၀၀၀၀၀ ယန်းငွေ ၆၂၀၀၀၀
၁နှစ်၆လသင်တန်း
အချိန် ဇွန်လ ဇန်နဝါရီလကုန် စက်တင်ဘာလကုန် ဒီဇင်ဘာလကုန် စုစုပေါင်း
ငွေကြေး ယန်းငွေ ၄၄၀၀၀၀ ယန်းငွေ ၂၁၀၀၀၀ ယန်းငွေ ၁၅၀၀၀၀ ယန်းငွေ ၁၀၀၀၀၀ ယန်းငွေ ၉၀၀၀၀၀
※ ပေးသွင်းပြီးသောကျောင်းစရိတ်ကို ပြန်အမ်းခြင်းမရှိပါ။ ဒါပေမဲ့ ဗီဇာမရရှိပါက ကျောင်းစရိတ်အားလုံးပြန်အမ်းပါမည်။
ငွေသွင်းရန်ဌာန
Chugoku Bank, Mihara Branch, Bank Account (Futuu) 1384005
School Corporation, Yamanaka Gakuen Mihara Kokusai Gaigo Gakuin, School Principal Yamanaka Kouhei
တခြားကုန်ကျစရိတ်နှင့်ပတ်သက်၍
ကျောင်းစာအုပ်စရိတ်၊ နိုင်ငံခြားသားကျောင်းသားများအတွက် အထွေထွေအာမခံကြေး၊ ကျန်းမာရေးစစ်ဆေးမှုကုန်ကျစရိတ်များသည်
ကျောင်းဝင်သည့်အခါတွင် လိုအပ်ပါသည်။
နေထိုင်ခွင့်စာရွက်စာတမ်း
ဤကျောင်း၏ ဂျပန်ဘာသာသင်တန်း၏ ကျောင်းသားများသည်၊ ဂျပန်တွင်ပညာသင်ကြားသည့်အခါတွင် နိုင်ငံခြားသားကျောင်းသားများ အားထုတ်ပေးပါသည်။
အာမခံသူနှင့်ပတ်သက်၍
နိုင်ငံခြားသားကျောင်းသားများ နေထိုင်မှုတွင် စိတ်အေးချမ်းစွာနေထိုင်နိုင်စေရန်အတွက်၊ သတ်မှတ်သဘောတရားအရ ဂျပန်ပြည်တွင်း၌ အာမခံသူရှိရမည်ဖြစ်ပါသည်။ အာမခံသူမရှိပါက ဆွေးနွေးနိုင်ပါသည်။ မိခင်နိုင်ငံ၏မိသားစုများမှ အာမခံသူလုပ်လို့ ရနိုင်ပါသည်။
အာမခံသူ၏အရည်အချင်း
ဂျပန်၊ သတ်မှတ်သဘောတရားအရ မဟာရာမြို့အတွင်း သို့မဟုတ် ထိုအနီးတဝိုက်တွင်နေထိုင်ကာ၊ အလုပ်လုပ်ကိုင်နေသူ။ အာမခံသူသည် နိုင်ငံခြားသားဖြစ်ပါက၊ ၁၀နှစ်အထက်ဂျပန်နိုင်ငံတွင်နေထိုင်နေကာ၊ ဂျပန်စကားကိုကောင်းစွာနားလည်သူ။
အာမခံသူ၏တာဝန်များ
နိုင်ငံခြားသားကျောင်းသားများက ကျောင်းဝင်သည့်ကိစ္စအရပ်ရပ်ကို နိုင်ငံခြားသားကျောင်းသားအစား ပြုလုပ်ခြင်း။
နိုင်ငံခြားသားကျောင်းသားများက နေထိုင်ခွင့်အပြင် တခြားလုပ်ငန်းများကိုမလုပ်ကိုင်ရန် စောင့်ရှောက်ထိန်းသိမ်းရမည်။
နိုင်ငံခြားသားကျောင်းသားများက ကျောင်းစာသင်ယူခြင်းနှင့် စယးဝတ်နေထိုင်ရေးနှင့်ပတ်သက်သည့် လိုအပ်သည့်လမ်းညွှန်အကြံပေးမှု များကိုပြုလုပ်ကာ နေထိုင်စရိတ်နှင့် နိုင်ငံပြန်မည့်စရိတ်များနှင့်သက်ဆိုင်သည့် အာမခံရမည်။
ကျောင်းသားဘဝနေထိုင်မှု့နှင့်ပတ်သက်၍ အိမ်ယာနှင့်ပတ်သက်၍
ကျောင်းသားအဆောင်ရှိသည့်အတွက်၊ အဆောင်တွင်နေထိုင်လိုသူများသည် လျှောက်ထားရပါမည်။
အဆောင်ခ။ ။ ယန်းငွေ ၁၅၀၀၀/ ၁လ (အခန်းအလိုက်) ရေ၊မီးကုန်ကျစရိတ်အားကိုယ်တိုင်ပေးဆောင်ရမည်။
ပုဂ္ဂလိကအိမ်ခန်းများတွင် နေထိုင်လိုပါက၊ အိမ်လခ ယန်းငွေ ၃၀၀၀၀ - ယန်းငွေ ၅၀၀၀၀ ဖြင့်၊ နေထိုင်လိုပါက စပေါ်ငွေ၊ အာမခံငွေများ လိုအပ်ပါသည်။
နေထိုင်စားသောက်မှုစရိတ်နှင့်ပတ်သက်၍
လူတဦးချင်းမတူညီသည့်အပြင်၊ သာမန်အားဖြင့် စားစရိတ်ယန်းငွေ၃၀၀၀၀ - ယန်းငွေ ၅၀၀၀၀ နှင့် အိမ်လခ၊ တခြားကုန်ကျစရိတ်များ လိုအပ်ပါသည်။ ထို့အပြင်၊ အချိန်ပိုင်းအလုပ်တွင်အချိန်မကုန်အောင် သတိပြုရမည်ဖြစ်ပါသည်။ ပြည်ဝင်ပြီး၂လလောက်က စာသင်ခြင်းတွင် အရေးထားကာ၊ ဂျပန်ရှိစားဝတ်နေရေးတွင် နေသားကြအောင်ဦးစားပေးစေခြင်ပါသည်။
ကျန်းမာရေးနှင့်ပတ်သက်၍
နိုင်ငံခြားကျောင်းသားများသည်၊ အမှတ်မထင်ဖြစ်ပွားတတ်သည့် မတော်တဆထိခိုက်မှု၊ ရောဂါဝေဒနာများအတွက်ပြင်ဆင်သည့်အနေဖြင့်
ဖေါ်ပြပါအာမခံသို့ ဝင်ရောက်ရပါမည်။
နိုင်ငံသားကျန်းမာရေးအာမခံ (ယန်းငွေ ၁၅၀၀၀/ ၁နှစ်။ ၁လလျှင် ယန်းငွေ၂၀၀၀ခန့်)
နိုင်ငံခြားသားကျောင်းသား အထွေထွေအာမခံ (ယန်းငွေ ၂၀၀၀/ ၁နှစ်)
ဤကျောင်းတွင် ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်သည့်အတွက်၊ စစ်ဆေးခံစေခြင်ပါသည်။
ပညာသင်ဆုစံနစ်
ဤကျောင်းတွင် ကိုယ်ပိုင်ပညာသင်ဆုစံနစ်ရှိပါသည်။ ထို့အပြင်၊ ဤကျောင်းအားထောက်ပံ့နေသည့် အဖွဲ့အစည်းများထံမှ အရည်အချင်း ရှိသည့်ကျောင်းသားမျာအား ပညာသင်ဆုချီးမြှင့်တာရှိပါသည်။ ဂျပန်ကျောင်းသားပံ့ပိုးမှုဦးစီးဌာနမှ နိုင်ငံခြားသားကျောင်းသားများ၏ ပညာ သင်စရိတ်စသည် အမျိုးမျိုးသောပညာသင်စုကို လျှောက်ထားနိုင်ပါသည်။
နေထိုင်မှု၊ သင်ကြားမှု လမ်းညွှန်
နေထိုင်မှုနှင့် သင်ကြားမှု၊ တက္ကသိုလ်ဝင်ခြင်းစသည်တို့နှင့်ပတ်သက်၍၊ ဒုက္ခနှင့် စိုးရိမ်မှုများရှိပါက၊ မည်သည့်အချိန်မဆို ဆွေးနွေးနိုင် ပါသည်။ ထို့အပြင်၊ စာသင်ကြားခြင်း၊ တက္ကသိုလ်ဝင်တန်းနှင့်ပတ်သက်သည့် ပုံမှန်လူတွေ့မေးမြန်းခြင်းများကို ပြုလုပ်နေပါသည်။
ကျောင်းပွဲတော်များ
ဤကျောင်းတွင် စာသင်သည့်အပြင်၊ ကုမ္ဗဏီလေ့လာရေး၊ ကွင်းဆင်းလေ့လာရေးခရီးစဉ် စသည့် ပြင်ပသင်တန်းနှင့် အားကစားပွဲတော်၊ အမျိုးမျိုးသော တွေ့ဆုံနှီးနှောဖလှယ်ပွဲ၊ ပွဲတော်များကို ဂှပန်ကျောင်းသားများနှင့် ဒေသဆိုင်ရာတွေ့စုံဆွေးနွေးပွဲများမှတဆင့်၊ ဂျပန်၏ယဉ်
ကျေးမှု၊ ဓလေ့ထုံးစံများကို အတွေ့အကြုံရရှိစေရန် အမျိုးမျိုးသောပျော်ပွဲရွှင်ပွဲများတွင် ပါဝင်ဆင်နွှဲနိုင်ပါမည်။ ထို့အပြင်၊ ဤကျောင်း၏နိုင်ငံ
ခြားကျောင်းသားများအား ကူညီပံ့ပိုးသည့်အဖွဲ့အစည်းများက အမျိုးမျိုးသောကဏ္ဍများမှ နိုင်ငံခြားသားကျောင်းသားများကို ကူညီနေပါသည်။
လျှောက်ထားချိန်မှ ကျောင်းဝင်သည်အထိ ၁။ လျှောက်ထားခြင်း
လျှောက်လွှာစာရွက်စာတမ်းများ
လျှောက် ထားသူ
နှင့် သက်ဆိုင်
(၁) ကျောင်းဝင်လျှောက်လွှာ ဓာတ်ပုံပါဝင်
(၂) ဤကျောင်းအားလျှောက်လွှာတင်ခြင်းအကြောင်းပြစာ၊
လျှောက်ထားသည့်အကြောင်းပြစာ(လဝကအတွက်) လျှောက်ထားသူကိုယ်တိုင်ရေးရမည် (၃) အထက်တန်းကျောင်းနှင့်နောက်ဆုံးပြီးဆုံးခဲ့သည့်ကျောင်းမှ
အောင်လက်မှတ်စာရွက်စာတမ်း မူရင်း
(၄) အထက်တန်းကျောင်းနှင့် နောက်ဆုံးပြီးမြောက်ခဲ့သည့်
ကျောင်းမှပညာအရည်အချင်းအထောက်အထားလက်မှတ် မူရင်း
(၅) ကျောင်းသားဖြစ်ကြောင်းထောက်ခံစာ(မူရင်း) လက်ရှိတက်ရောက်နေသည့်ကျောင်းသား/ သူ
နောက်ဆုံးအလုပ်ထောက်ခံစာ(မူရင်း) ကျောင်းပြီးနောက်အလုပ်အတွေ့အကြုံရှိသူ (၆) ဓာတပုံ အမြင့် ၄စင်တီမီတာ၊ အလျား ၃စင်တီမီတာ ၇ပုံ နောက်ကြောတွင် အမည်ထည့်သွင်းရမည် (၇) ကိုယ်ရေးအကျဉ်းစာတမ်း
(၈) ကျန်းမာရေးဆေးစစ်စာတမ်း (၉ ) ပတ်စ်ပပို့ ကော်ပီ
(၁၀) စုငွေထောက်ခံစာ ကျောင်းစရိတ်ကိုကိုယ်တိုင်တာဝန်ယူသည့်အခါ
(၁၁) ဂျပန်စကားကျွမ်းကျင်မှုထောက်ခံ စာရွက် စာတမ်း များ (၁၂) ခံဝန်ချုပ်စာရွက်စာတမ်း
အာမခံသူ
နှင့် သက်ဆိုင်
(၁၃) ထောက်ခံစာ တရားဝန်လက်မှတ်ကိုအသုံးပြုရမည်
(၁၄) ထောက်ခံရသည့်အကြောင်းနှင့်ပတ်သက်တာကို ရှင်းလင်း ထားတဲ့စာရွက်စာတမ်း
//
(၁၅) ကုန်ကျစရိတ်ရှင်းလင်းမည့်စာရွက်စတမ်း //
(၁၆) ကုန်ကျစရိတ်ရှင်းလင်းမည့်သူ၏အလုပ်ထောက်ခံစာ
ဝင်ငွေခွန်ဆောင်ထားသည့်စာရွက်စာတမ်း(ကို ယ်ပိုင်လုပ်ငန်း)။
မှတ်ပုံတင်စာအုပ်(ကုမ္ဗဏီပိုင်ရှင်) (၁၇) ကုန်ကျစရိတ်ရှင်းလင်းမည့်သူ၏ သန်းခေါင်စာရင်း မိသားစုဝင်အားလုံးထည့်သွင်းထားသည့်
စာရွက်စာတမ်းဖြစ်ရမည်
(၁၈) ကုန်ကျစရိတ်ရှင်းလင်းသူ၏ ဝင်ငွေအထောက်အထား စာရွက်စာတမ်း
မြို့နယ်ကျေးရွာများမှထုတ်ဝေသည့်စာရွက်စာ တမ်း(သို့မဟုတ်အခွန်ပေးသွင်းထားသည့်အေ ထာက်အ ထား စာရွက်စာတမ်းများ) (၁၉ ) ကုန်ကျစရိတ်ရှင်းလင်းသူ၏ လက်မှတ်အထောက်အထား
စာရွက်စာတမ်း
(၂၀)
ကုန်ကျစရိတ်ရှင်းလင်းသူကိုယ်တိုင်နှင့်သက်ဆိုင်သည့် ပတ်သက်မှုအထောက်အထားများ
※ လျှောက်ထားသူကိုယ်တိုင်မဟုတ်သည့်သူက ကုန်ကျစရိတ်ကိုပေးသွင်းမည်ဆိုပါက အမှတ် (၁၅) – (၂၀)ကို တင်သွင်း
ရမည်။
※ အသေးစိတ်အား တခြားလျှောက်လွှာစာရွက်စာတမ်းနှင့်ဆိုင်သော စာရွက်စာတမ်းများကို ကြည့်ရှုပါ။
လျှောက်ထားပုံလျှောက်ထားနည်း
လျှောက်ထားရမည့်စာရွက်စာတမ်းများနှင့် ဝန်ဆောင်ခ(ယန်းငွေ ၂၀၀၀၀)အား စာတိုက်မှ (မှတ်ပုံတင်) သို့မဟုတ် လူကိုယ်တိုင်ယူဆောင် လာရမည်။
လျှောက်ထားရမည့်နေရာ
Hiroshima-Ken, Mihara-Shi, Miyaoki 5-8-15
School Corporation, Yamanaka Gakuen Mihara Kokusai Gaigo Gakuin, Nihongo-Ka Nyuushi Jimukyoku
လျှောက်ထားရမည့်အချိန်
ဧပြီလကျောင်းသား။ ။ အောက်တိုဘာလ၁ရက်မှ နိုဝင်ဘာလ၁၅ရက်/ အောက်တိုဘာလကျောင်းသား။ ။ ဧပြီလ၁ရက်မှ မေလ၁၅ရက်
၂။ ရွေးချယ်နည်း နှင့် အောင်မအောင်အကြောင်းပြန်ခြင်း ရွေးချယ်နည်း
လျှောက်ထားသည့်စာရွက်စာတမ်းနှင့် အာမခံသူ၏ လူတွေ့မေးမြန်းစစ်ဆေးမှု
(ထောက်ခံမှုပါရှိပါက၊ ရေးဖြေစားမေးပွဲနှင့် ကာယကံရှင်အား လူတွေ့မေးမြန်းခြင်းကိုလည်း ထပ်မံဆောင်ရွက်ပါမည်။)
အောင်မအောင်အကြောင်းပြန်ခြင်း
အာမခံသူ၏လိပ်စာသို့ အကြောင်းကြားပါမည်။ အကြောင်းကြားစာကို ရရှိသည့်အခါ၊ ဤကျောင်းမှသတ်မှတ်ထားသည့်အတိုင်း ကျောင်း ဝင်မှုဆိုင်ရာများကို ဆောင်ရွက်ရပါမည်။
၃။ ကျောင်းဝင်သည့်နည်းလမ်း
အောင်မအောင်အကြောင်းပြန်စာကိုရရှိပြီးပါက၊ ဤကျောင်းမှသတ်မှတ်ထားသည့်ဘဏ်သို့ ပေးသွင်းရမည့်ငွေကို ထည့်သွင်းစေလိုပါသည်။
※ နေထိုင်ခွင့်ကို ခွင့်ပြုခြင်းမရှိပါက ပေးသွင်းထားသည့်ငွေကြေးများကို အားလုံးပြန်အမ်းပါမည်။
၎။ ကျောင်းဝင်ခွင့်ပြုသည့်အထောက်အထား စာရွက်စာတမ်းအားထုတ်ဝေ ※ VISA လျှောက်ထားသည့်အခါတွင်လိုအပ်ပါသည်။ ပေးသွင်းရမည့်ငွေကြေးများ ပေးသွင်းထားကြောင်းသိရှိရပါက၊ ကျောင်းဝင်ခွင့်ပြုသည့်အထောက်အထားစာရွက်စာတမ်းများကို အာမခံသူ ထံသို့ ပေးပို့ပါမည်။
၅။ နေထိုင်ခင့်ပြုသည့်အထောက်အထား စာရွက်စာတမ်း ※ VISA လျှောက်ထားသည့်အခါတွင်လိုအပ်ပါသည်။
ဤကျောင်းမှ ဟီရိုရှီးမားလူဝင်မှုကြီးကြပ်ရေးဌာနသို့ နေထိုင်ခွင့်ပြုသည့်အထောက်အထားစာရွက်စာတမ်းများကိုထုတ်ဝေပေးရန် လျှောက် ထားပါမည်။ (နေထိုင်ခွင့်ပြုသည့်အထောက်အထားစာရွက်စာတမ်းရရှိသည့်ထိ ၂လမှ ၃လအထိ ကြာမြင့်ပါမည်။)
လူဝင်မှုကြီးကြပ်ရေးဌာနမှ နေထိုင်ခွင့်သည့်အထောက်အထားစာရွက်စာတမ်းများအား ထုတ်ဝေပေးသည့်နောက်တွင် အာမခံသူထံသို့ စာတိုက်မှတဆင့်ပေးပို့ပါမည်။
အာမခံသူမှ ကာယကံရှင်ထံသို့ နေထိုင်ခွင့်ပြုသည့်အထောက်အထား စာရွက်စာတမ်းများနှင့် ကျောင်းဝင်ခွင့်ပြုသည့်စာရွက်စာတမ်းများကို စာတိုက်မှတဆင့် ပေးပို့မည်ဖြစ်ပါသည်။
၆၊ ၇။ VISA လျှောက်ထားခြင်းနှင့် ထုတ်ပေးမှု
ကာယကံရှင်က အောက်ဖော်ပြပါစာရွက်စာတမ်းများကို ယူဆောင်ကာ အနီးနားမှာရှိသော ဂျပန်သံရုံးသို့သွား၍ နိုင်ငံခြားကျောင်းသားဗီဇာ ကို လျှောက်ထားရမည်ဖြစ်ပါသည်။
(၁) နေထိုင်ခွင့်ပြုသည့်အထောက်အထား (၂) ကျောင်းဝင်ခွင့်ပြုစာရွက်စာတမ်း (၃) ပတ်စ်ပို့
၈။ ဂျပန်နိုင်ငံသို့လာရောက်မည့်နေ့အား အသိပေးခြင်း
အာမခံသူသည် နိုင်ငံခြားကျောင်းသားများ၏ ဂျပန်နိုင်ငံကိုလာမည့်နေ့အား ဤကျောင်းသို့အကြောင်းကြားရပါမည်။
မွေးရပ်ဇာတိကိုခွဲခွာကာ၊ မတူညီသည့်အလေ့အဓနှင့် ယဉ်ကျေးမှုရှိသောနိုင်ငံတွင် နေထိုင်သွားမည်ဟုစဉ်းစားသည့်အခါ၊ အထူးသဖြင့် မိခင်ဘာသာစကားနှင့်မတူညီသော ဘာသာစကားရှိသောတိုင်းပြည်တွင် နေထိုင်ပါက၊ ဘာသာစကားပြောခြင်းသည် ကြီးမားသောတံတိုင်း
ဖြစ်ပြီး ကျနော်တို့အားလုံးရဲ့ရှေ့တွင် ပေါ်ပေါက်လာစမြဲဖြစ်ပါသည်။ ဒါပေမဲ့၊ ထိုအရာကို မိမိကတတ်မြောက်သွားသည့်အချိန်တွင်၊ ဘာသာစ ကားလောက် ကျနော်/ ကျမတို့ကိုကူညီနိုင်သည့် တန်ဘိုးရှိသည့်မိတ်ဆွေ မရှိသလောက်ဖြစ်ပါသည်။ ထို့နောက်၊ တချိန်တည်းမှာဘဲ ထို ဘာသာစကားသည် ထိုနိုင်ငံ၏ယဉ်ကျေးမှုကိုသိနိုင်သော အနီးစပ်ဆုံးလမ်းဖြစ်ပါသည်။
ကျနော်/ ကျမတို့သည့် MAIL တွင် ဂျပန်ဘာသာစကားကိုသင်ကြားခြင်းနှင့်အတူ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ စီးပွားရေးစသည်တို့ကို ကျယ်
ပြန့်စွာ ဂျပန်နိုင်ငံကိုသိစေလိုပါသည်။ ထို့နောက်၊ နောင်အနာဂတ်တွင် အားလုံးက မိခင်နိုင်ငံနှင့် ဂျပန်နိုင်ငံအကြား အေးချမ်းရင်းနှီးစွာဖြင့် ယုံကြည်မှုတည်ဆောက်ရန်အတွက်၊ လိုအပ်သည့်လူသားအဖြစ် လုပ်ဆောင်နိုင်သူဖြစ်စေရန် ဆုတောင်းလျှက်ရှိပါသည်။ ဝန်ထမ်းအားလုံး က ဂျပန်နိုင်ငံတွင် အားလုံးကပြီးပြည့်စုံသည့် ကျောင်းသားဘဝကိုအကောင်အထည်ဖော်နိုင်စေရန်၊ တက်ကြွစွာဖြင့် ပံ့ပိုးမှုပြုလုပ်ပါမည်။ ဂျပန်နိုင်ငံတွင် အားလုံးနှင့်တွေ့ဆုံရမည့်နေ့ကို မျှော်လင့်နေပါသည်။
ကျောင်းအုပ် ယာမနက ခိုးဟဲ